🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
🌹🌹🌹 ကျေးဇူးတင် ဂုဏ်ပြုလွှာ 🌹🌹🌹
စာရေးသူသည် လွန်သွားလေပြီးသော ကျေးဇူးတော်ရှင် "ဘဒ္ဒန္တပဏ္ဍိတ" ( မဟာသဒ္ဓမ္မဇောတိကဓဇ ) ဆရာတော်ဘုရားကြီးနှင့် လက်ရှိ ဆရာသမား အသီးသီးတို့၏ မေတ္တာကိုခံယူ၍ "ပရဟိတ ရွှေကျောင်းတိုက်" ကြီး၏ လုပ်ငန်းစဉ်များကို ပြန်လည်အကောင်ထည်ဖော် ဆောင်ရွက်လာခဲ့ရာ ........................
၁။ "ပရဟိတ" ကလေးငယ်များ၏ နားနေရာ နှစ်ထပ်ကျောင်းဆောင်ကို ပြန်လည်၍ ပြင်ဆင်နိုင်ခဲ့ခြင်း။
၂။ "ပရဟိတ" ကလေးငယ်များ တိုးမြင့်လက်ခံ၍ စောင့်ရှောက်ပေးနိုင်ခဲ့ခြင်း။
၃။ "ဗုဒ္ဓဘာသာ ယဉ်ကျေးမှု ဆရာဖြစ်နည်းပြသင်တန်း" များဖွင့်လှစ်နိုင်ခဲ့ခြင်း။
၎။ "ပရဟိတ" ကလေးငယ်များနှင့် ရပ်ရွာရှိ ကလေးငယ်များ၏ ဘာသာရေးအသိပညာများတိုးပွားရန်အလို့ငှာ { Sanday School - အပတ်စဉ် ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်း } - များ စတင်၍ ဖွင့်လှစ်ပေးနိုင်ခဲ့ခြင်း။
၅။ "ပရဟိတ" ကလေးငယ်များနှင့် ရပ်ရွာရှိ ကလေးသူငယ်များ အကြား၊ အမြင်၊ ဗဟုသုတတိုးပွားရန်အလို့ငှာ - ဘာသာရေး၊ နိုင်ငံရေး၊ လူမှုရေး၊ သုတ၊ ရသ၊ စုံလင်စွာဖြင့် { သုတရင်ခွင် ပရဟိတ စာကြည့်တိုက် } - ကို စတင်၍ ဖွင့်လှစ်ပေးနိုင်ခဲ့ခြင်း။
၆။ ကျောင်းတိုက်အတွင်းရှိ ရှေးဟောင်း သေနာသန အဆောက်အအုံများနှင့် "ပရဟိတ" ကလေးငယ်များ၏ စားရေး၊ နေရေး၊ ဝတ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ အစရှိသည်တို့ကို ထိန်းသိမ်းစောင့်ရှောက်နိုင်ရန်အလို့ငှာ "ပရဟိတ ထာဝရငွေပဒေသာပင်" - များ စိုက်ထူပေးနိုင်ခဲ့ခြင်း။
အစရှိသဖြင့် "ပရဟိတ" လုပ်ငန်းများကို တိုးချဲ့ ၍ ဆောင်ရွက်နိုင်ခဲ့ခြင်းမှာ ရပ်နီး ရပ်ဝေးမှ ဒါယကာ ဒါယိကာမအပေါင်းတို့မှ " ဆွမ်း,သင်္ကန်း,ကျောင်း,ဆေး " အစရှိသော ပစ္စည်းလေးပါးနှင့် ဒါသဗ္ဗ ဝတ္ထု အစုစုတို့ဖြင့် ထောက်ပံ့လှူဒါန်းခဲ့ခြင်းကြောင့် စာရေးသူအနေဖြင့် ယ္ခုလို "ပရဟိတ" လုပ်ငန်းများကို တိုးချဲ့၍ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အဖက်ဖက်မှ ကာယအား, ဉာဏအား, ဓနအားဖြင့် ထောက်ပံ့လှူဒါန်း ကူညီဆောင်ရွက်ပေးကြပါသော ရပ်နီး ရပ်ဝေးမှ ဒါယကာ, ဒါယိကာမ, အပေါင်းတို့အား စာရေးသူမှ အထူးပင် "ကျေးဇူးတင် ဂုဏ်ပြု" အပ်ပါသည်။
အရှင်ဇာနေယျ - ( ရွှေပင်လယ် )
"ပရဟိတ ရွှေကျောင်းတိုက်"
ပြင်ခရိုင်

Comments
Post a Comment